Skip to playerSkip to main content
  • 9 years ago
အချိန် ၂ နှစ်-၃ နှစ်အတွင်း ချင်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းတိုးတက်အောင်နဲ့ လာရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာဖြစ်အောင် လုပ်ဆောင်လျက်ရှိနေတယ်ဆိုပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ ဟိုတယ်ခရီးဝန်ကြီး ပြည်နယ်ဝန်ကြီးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က ပြောဆိုထားပါတယ်။
အဲဒိလို ပြည်နယ်ခရီးသွားလုပ်ငန်းတိုးတက်အောင် ဖော်ဆောင်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းကျယ်ပြန့်ရေးအပိုင်း၊ ဟိုတယ် တိုးမြှင့်တည်ဆောက်ရေးအပိုင်းနဲ့ ဖြစ်နိုင်တဲ့ ခရီးသွားနေရာများ ဖော် ထုတ်ရေးအပိုင်းတွေကို ဦးတည်လုပ်ဆောင်နေတယ်လို့ ပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပြထား ပါတယ်။ ဟိုတယ်တည်ဆောက်ရေးအပိုင်းအနေနဲ့ အစိုးရသက်တမ်း ၁၁ လအတွင်းမှာ ချင်းပြည်နယ် မြို့နယ် ၆ ခုမှာ ဟိုတယ် ၁၂ လုံးတည်ဆောက်သွားဖို့ လုပ်ငန်းရှင်တွေကို ပဏာမ ခွင့်ပြုချက်ပေးထားပြီး ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။
ပြည်နယ်ဝန်ကြီး အနေနဲ့ ချင်းပြည်နယ်မှာ လည်ပတ်လို့ကောင်းတဲ့ မြို့ ၉ မြို့မှာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့က လွဲရင် ကျန် ၇ မြို့မှာ နိုင်ငံခြားသားဧည့်သည်တွေအတွက် ကောင်းမွန်တဲ့ တည်းခိုနေထိုင်ခွင့် အခင်းအကျင်းတွေ မပေးနိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended