Skip to playerSkip to main content
  • 8 years ago
ပန်းချီသပြေမြင့်သိန်း၏ "This is my life" ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာဝန်းရှိ နှင်းဆီမြိုင်ပြခန်း၌ ပြသခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ပန်းချီကားများ ပါဝင်ပြသခဲ့သည်။

မတ်လ ၂ ရက်နေ့မှ မတ်လ ၆ ရက်နေ့ အထိ ရေဆေးပန်းချီကားပေါင်း ၅၂ ကား ပြသထားပြီး ပန်းချီသပြေမြင့်သိန်း၏ (၇) ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ ဖြစ်သည်။

ပြသထားသည့် ရေဆေးပန်းချီလက်ရာများထဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပုံနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ ပန်းချီကားများကို အကြိုက်ဆုံးဖြစ်ကြောင်း ပန်းချီဆရာ သပြေမြင့်သိန်းက ပြောသည်။

ယခုအချိန်အထိ ရေးဆွဲခဲ့ဖူးသော ရေဆေးပန်းချီကားပေါင်း သောင်းချီရှိနေပြီဖြစ်သည်ဟု အသက် ၇၁နှစ် အရွယ်ရှိ ပန်းချီသပြေမြင့်သိန်းက ပြောခဲ့ပြီး ပြပွဲတွင် ပန်းချီကား ၁၀ ကားကို ရောင်းချထားပြီး ဖြစ်သည်။

ပန်းချီဆရာအနေဖြင့် ပန်းချီပြခန်းနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောခဲ့ပြီး ပန်းချီပြခန်းများသည် ပန်းချီဆရာများအားလုံး တတ်နိုင်သည့်ဈေးနူန်း ရှိမနေကြောင်းကိုလည်း သူက ဆက်ပြောသည်။ "များသောအားဖြင့် ဒီပြခန်းတွေကိုတော့ များများစားစား ရန်ကုန်မှာ ရှိစေချင်တယ်။ နောက်ပြီးတော့ တတ်နိုင်တဲ့ ဈေးနူန်း အသက်သာဆုံးဖြစ်အောင်လည်း ပြခန်းကို တည်ထောင်ကြစေချင်တယ်။ အဲဒါမှလည်း ပန်းချီဆရာတွေ တော်တော်များများ ကလည်း ကုန်ကျစရိတ် သက်သက်သာသာနဲ့ ပြနိုင်မှာပါ" ဟု ပန်းချီဆရာက ပြောသည်။

Category

🗞
News
Be the first to comment
Add your comment

Recommended