Skip to playerSkip to main content
  • 9 years ago
ယခုနှစ်အတွင်း Max Myanmar Holding လက်အောက်ရှိ လုပ်ငန်းများအတွက် ၀န်ထမ်း ၅၀၀၀ ခန့်အပ်သွားမည်ဟု ကုမ္ပဏီအုပ်စု၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က ယနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော Bloomberg မီဒီယာ၏ Bloomberg Invest Myanmar အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

အလုပ်ခန့်အပ်မှုအဖြစ် ဘဏ်လုပ်ငန်းတွင် ၀န်ထမ်းပေါင်း ၃၅၀၀ ခန့်၊ အာမခံလုပ်ငန်းနှင့် စတော့အိတ်ချိန်းSecurities ကုမ္ပဏီဖြစ်သည့် Ayatrust တွင် ၀န်ထမ်းပေါင်း ၃၀၀ ခန့်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် ၀န်ထမ်းပေါင်း ၁၂၀၀ ခန့် အလုပ်အကိုင်ပေးသွားမည်ဖြစ်သည်။

ဦးဇော်ဇော်အနေနှင့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားအပြီးတွင် သူ၏ စီးပွားရေးအင်ပါယာရှိ လုပ်ငန်းများအားလုံးကို တိုးချဲ့ရန် လမ်းပွင့်သွားမည်ဟု ပြောဆိုထားသည်။

လက်ရှိ Max Myanmar Holding Co.,Ltd တွင် ၀န်ထမ်းပေါင်း ၁၇၀၀၀ ခန့်အလုပ်လုပ်ကိုင်နေသည်။

Category

🗞
News
Be the first to comment
Add your comment

Recommended