Skip to playerSkip to main content
  • 9 years ago
မြန်မာရဲ့ ကမ္ဘာကျော် ပန်းဆယ်မျိုး အနုလက်ရာ လုပ်ငန်းထဲက ပန်းပုလုပ်ငန်းနယ်ပယ်က အသက်မွေးမှုလုပ်ငန်း အခက်အခဲတွေ ရှိနေတဲ့ အကြောင်း တင်ဆက်ပေးချင်ပါတယ်။

သစ်သား၊သစ်မြစ်တွေအပြင် ရွှံ့သားတွေကို အသုံးပြု ပုံဖော်ထွင်းထု၊ အလှဆင် ခြယ်မှုန်းရတဲ့ ဒီလုပ်ငန်းက သိပ်ကို အနုစိတ်တဲ့လုပ်ငန်းပါ။ ဒီလုပ်ငန်းတွေအတွင်း ဈေးကွက်ရှိတယ်ဆိုပေမယ့် လက်ရှိဈေးကွက်က သိပ်ပြီး ဟန်လှတယ်တော့ မဟုတ်ဘူးလို့ ပန်းပုထုလုပ် ရောင်းချသူ တွေက ပြောပါတယ်။ တစ်ဘက်မှာလည်း တီထွင်ဆန်းသစ်ရမှာတွေ၊ ဈေးကွက် မြှင့်တင်ရမှာနဲ့ နောက်ပြီး ဒီပန်းပု လုပ် ငန်းကို စိတ်ပါဝင်စားတဲ့ အနုပညာရှင်တွေကို ဆွဲဆောင်ထားနိုင်ဖို့ကလည်း အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုအနေနဲ့ ဘယ်လောက်တောင် အာမခံချက်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အဲဒိရဲ့ လက်ရှိ အခြေအနေတစ်ချို့ကိုတော့ မရှုမ၀အောင်က တင်ဆက်ပေးထားပါတယ်။

Category

🗞
News
Comments

Recommended