Skip to playerSkip to main content
  • 9 years ago
အလုပ်ခန့်အပ်မှုအဖြစ် ဧရာဝတီဘဏ်လုပ်ငန်းမှာ ၀န်ထမ်းပေါင်း ၃၅၀၀ ခန့်၊ အာမခံလုပ်ငန်းနဲ့ စတော့အိတ်ချိန်း Securities ကုမ္ပဏီဖြစ်တဲ့ Ayatrust တွင် ၀န်ထမ်းပေါင်း ၃၀၀ ခန့်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနှင့် အခြား လုပ်ငန်းများတွင် ၀န်ထမ်းပေါင်း ၁၂၀၀ ခန့် အလုပ်အကိုင်ပေးသွားမှာ ဖြစ်ပါတယ်။ ဦးဇော်ဇော်အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားအပြီးတွင် သူ၏ စီးပွားရေးအင်ပါယာရှိ လုပ်ငန်းအားလုံးကို တိုးချဲ့ဖို့ လမ်းပွင့်သွားမယ်လို့ အဲဒိနေ့မှာ ပြောဆိုထားပြီး နိုင်ငံခြားကုမ္ပဏီတွေ ပူးပေါင်း တိုးချဲ့ဖို့ လောလောဆယ်တော့ မလုပ်ကိုင်ရသေးဘဲ အခုနှစ်ထဲ မှာ ၀န်ထမ်းတွေ တိုးချဲ့ခန့်သွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။ လက်ရှိ Max Myanmar Holding Co.,Ltd မှာ ၀န်ထမ်းပေါင်း ၁၇၀၀၀ ခန့်အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended