Skip to playerSkip to main content
  • 9 years ago
"၂၀၃၀ အထိကို မြန်မာရဲ့ အခြေခံအဆောက်အဦးအပိုင်း ရင်းနှီးမြှုပ်နှံဖို့ ကန်ဒေါ်လာ ၁၂၀ ဘီလီယံလောက် ကုန်ကျမယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ဆိုတော့ ဒီလောက်ကြီးတဲ့ ပမာဏကိုသူတို့ လိုအပ်နေတာပေါ့။ ဒီအပိုင်းတွေက သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်စွမ်းအား ဖြန့်ချိရေးနဲ့ ထုတ်ယူရေး ကဏ္ဍတွေမှာ ဖြစ်ပါတယ်။ ဒီဟာက မြို့ပြ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးအပိုင်း မပါသေးပါဘူး။ အဲဒီအပိုင်းပါ ပါမယ်ဆိုရင် နှစ်ဆလောက် အသာလေး ကုန်ကျသွားနိုင်ပါတယ်။ သူပါမယ်ဆိုရင် ၂၀၃၀ အထိကို ကန်ဒေါ်လာဘီလီယံ ၂၀၀ ကနေ ၃၀၀ ဘီလီယံအထိ အကုန်အကျခံရမှာ ဖြစ်ပါတယ်” ဟု
အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Mr.Stephen P. Groff က မဇ္ဈိမမီဒီယာတို့ သီးသန့် တွေ့ဆုံမေးမြန်းမှု (အပိုင်း-၂) တွင် ပြောဆိုလိုက်သည်။

Category

🗞
News
Comments

Recommended