ZawGyi -
မနက္ျဖန္ မတ္လ ၁၉ ရက္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ယာယီထားရိွမည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ ေျမေနရာ ျမန္ဆန္စြာေပးရန္ လိုအပ္သည္ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ ျဖစ္ေျမာက္ေရးေကာ္မတီ အတြင္းေရးမွဴး ကိုလင္းထက္ ကေျပာသည္။
“ေျမေနရာတည္ေဆာက္ေရးနဲ႔ပတ္သတ္ၿပီးေတာ့ ထပ္ဆင့္ တိုင္းေဒသႀကီးအစိုးရကို စာတင္ထားပါတယ္။
ခြင့္ျပဳခ်က္ရရွိမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ဘက္က အဆင္သင့္ပါပဲ။ အဓိက ေျပာခ်င္တာက ရန္ကုန္တိုင္းေဒသႀကီး အစိုးရအေနနဲ႔ အျမန္ဆံုးတိတိက်က် ေျမေနရာတည္ေဆာက္ခြင့္ကို ေပးဖို႔နဲ႔ ျဖစ္ေပၚေနတဲ့ ျပႆနာရပ္ကိုလည္း မွန္မွန္ကန္ကန္ဆံုးျဖတ္ ေဆာင္ရြက္ေပးဖို႔ လိုအပ္ပါတယ္” ဟု ကိုလင္းထက္က ေျပာသည္။
သတင္းအျပည့္အစံု - http://www.mizzimaburmese.com/article/24882
Unicode -
မနက်ဖြန် မတ်လ ၁၉ ရက်တွင် တောင်ဥက္ကလာပမြို့နယ်တွင် ယာယီထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေနေရာ မြန်ဆန်စွာပေးရန် လိုအပ်သည်ဟု တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုလင်းထက် ကပြောသည်။
“မြေနေရာတည်ဆောက်ရေးနဲ့ပတ်သတ်ပြီးတော့ ထပ်ဆင့် တိုင်းဒေသကြီးအစိုးရကို စာတင်ထားပါတယ်။
ခွင့်ပြုချက်ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အဆင်သင့်ပါပဲ။ အဓိက ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အမြန်ဆုံးတိတိကျကျ မြေနေရာတည်ဆောက်ခွင့်ကို ပေးဖို့နဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်ကိုလည်း မှန်မှန်ကန်ကန်ဆုံးဖြတ် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ကိုလင်းထက်က ပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/24882
Comments