Skip to playerSkip to main content
  • 8 years ago
ZawGyi-
ယခုႏွစ္ပိုင္းအတြင္းျဖစ္ပြားခဲ့သည္ ရာဇဝတ္မႈႀကီးမ်ား၏ ေနာက္ကြယ္တြင္ ႏိုင္ငံေရးပေယာဂမ်ား ပါဝင္ဆက္ႏြယ္ ေနသည္ဟု တရားစီရင္ေရးႏွင့္ ဥပေဒေရးရာေကာ္မတီဝင္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျမင့္ျမင့္စိုးက ေျပာသည္။

ရာဇဝတ္မႈမ်ား ျဖစ္ပြားေနမႈႏွင့္ ပတ္သက္ၿပီး ယေန႔ မတ္လ ၂၃ ရက္ေန႔က မဇၥ်ိမသ႔ို ေျပာခဲ့ျခင္းျဖစ္သည္။

"ပေယာဂေတြကေတာ့ ပါပါတယ္ရွင့္။ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ဆီ သြားတဲ႔ေနရာမွာ အေႏွာင့္အယွက္ အဟန္႔အတားေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ ဒီလိုအခ်ိန္ တရားဥပေဒစိုးမိုးေရးမွာ အေႏွာင့္အယွက္ အဟန္႔အတားေတြ ႏိုင္ငံေရးပေယာဂေတြကေတာ့ ရွိပါတယ္'' ဟု ျပည္သူ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚျမင့္ျမင့္စိုးက ေျပာသည္္။

ထို႔အျပင္ လက္ရွိအေနအထားတြင္ ျမန္မာႏိုင္ငံ၏ တရားဥပေဒစိုးမိုးမႈအေပၚ ျပည္သူမ်ားကလည္း အားရေက်နပ္မႈ မရွိေသးသည့္အျပင္ ေလးေလာင္းၿပိဳင္၊ ငါးေလာင္းၿပိဳင္လူသတ္မႈမ်ား အမႈမွန္ မေပၚေပါက္ေသးျခင္းသည္ မျဖစ္သင့္ေၾကာင္းဆိုသည္။

"ဒီအမႈေတြကို ျပည္သူေတြက ေစာင့္ၾကည့္ေနၾကတယ္။ ဒီလိုအမႈေတြ မေပၚေပါက္ေသးတဲ့ အေပၚမွာလည္း ျပည္သူေတြက ျပည္ထဲေရး၊ ရဲဌာနေတြကို ဝိုင္းေျပာၾကတယ္။ လက္ၫွိဳးထိုးေနၾကတာပဲ။ ကြ်န္မတို႔အေနနဲ႔လည္း အားမရဘူးေလ။ ဒါေတြကလည္း မျဖစ္သင့္ဘူးေလ။ အမႈမွန္ေပၚေပါက္သင့္တယ္လို႔ ထင္တယ္။ အမႈမွန္ေပၚဖို႔ အႀကိမ္ႀကိမ္လည္း လုပ္ၾကတာပဲ။ လုပ္ၿပီးေတာ့မွ မေပၚဘူးဆိုေတာ့လည္း သမိုင္းမွာ အေတာ္ၾကည့္ရ ဆိုးတာေပါ့" ဟုေျပာသည္။

လာမည့္ဧၿပီလ ၁ ရက္ေန႔တြင္ NLD အစိုးရ တာဝန္ယူသည္မွာ ၁ ႏွစ္ျပည့္ေတာ့မည္ ျဖစ္သည္။ ၁ ႏွစ္သား အစိုးရသက္တမ္းအတြင္းမွာပင္ ျမန္မာႏိုင္ငံ၏အဓိကၿမိဳ႕ႀကီးမ်ားေပၚတြင္ ထိတ္လန္႔ဖြယ္ရာ ရာဇဝတ္မႈႀကီးမ်ား ခပ္စိပ္စိပ္ ျဖစ္ပြားခဲ႔သည္။


Unicode-
ယခုနှစ်ပိုင်းအတွင်းဖြစ်ပွားခဲ့သည် ရာဇဝတ်မှုကြီးများ၏ နောက်ကွယ်တွင် နိုင်ငံရေးပယောဂများ ပါဝင်ဆက်နွယ် နေသည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင်၊ ဗိုလ်တထောင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။

ရာဇဝတ်မှုများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၂၃ ရက်နေ့က မဇ္စျိမသိ့ု ပြောခဲ့ခြင်းဖြစ်သည်။

"ပယောဂတွေကတော့ ပါပါတယ်ရှင့်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားတဲ့နေရာမှာ အနှောင့်အယှက် အဟန့်အတားတွေကတော့ အများကြီးရှိပါတယ်။ ဒီလိုအချိန် တရားဥပဒေစိုးမိုးရေးမှာ အနှောင့်အယှက် အဟန့်အတားတွေ နိုင်ငံရေးပယောဂတွေကတော့ ရှိပါတယ်'' ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည််။

ထို့အပြင် လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူများကလည်း အားရကျေနပ်မှု မရှိသေးသည့်အပြင် လေးလောင်းပြိုင်၊ ငါးလောင်းပြိုင်လူသတ်မှုများ အမှုမှန် မပေါ်ပေါက်သေးခြင်းသည် မဖြစ်သင့်ကြောင်းဆိုသည်။

"ဒီအမှုတွေကို ပြည်သူတွေက စောင့်ကြည့်နေကြတယ်။ ဒီလိုအမှုတွေ မပေါ်ပေါက်သေးတဲ့ အပေါ်မှာလည်း ပြည်သူတွေက ပြည်ထဲရေး၊ ရဲဌာနတွေကို ဝိုင်းပြောကြတယ်။ လက်ညှိုးထိုးနေကြတာပဲ။ ကျွန်မတို့အနေနဲ့လည်း အားမရဘူးလေ။ ဒါတွေကလည်း မဖြစ်သင့်ဘူးလေ။ အမှုမှန်ပေါ်ပေါက်သင့်တယ်လို့ ထင်တယ်။ အမှုမှန်ပေါ်ဖို့ အကြိမ်ကြိမ်လည်း လုပ်ကြတာပဲ။ လုပ်ပြီးတော့မှ မပေါ်ဘူးဆိုတော့လည်း သမိုင်းမှာ အတော်ကြည့်ရ ဆိုးတာပေါ့" ဟုပြောသည်။

လာမည့်ဧပြီလ ၁ ရက်နေ့တွင် NLD အစိုးရ တာဝန်ယူသည်မှာ ၁ နှစ်ပြည့်တော့မည် ဖြစ်သည်။ ၁ နှစ်သား အစိုးရသက်တမ်းအတွင်းမှာပင် မြန်မာနိုင်ငံ၏အဓိကမြို့ကြီးများပေါ်တွင် ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှုကြီးများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည်။

Category

🗞
News
Be the first to comment
Add your comment

Recommended