Skip to playerSkip to main content
  • 9 years ago
ZawGyi-
အဆိုေတာ္ မီမီဝင္းေဖသည္ ၎၏ ဖခင္ ဦးဝင္ေဖ ေရးသားေပးထားသည့္ ဝင္းေဖရဲ႕ဘခ်ယ္အမည္ရိွ ေတးသီခ်င္းကို Myanmar Music Store အြန္လိုင္းမွ ဧၿပီ ၂၆ရက္မွ စတင္ၿပီး Free Download အေနျဖင့္ ျဖန္႔ခ်ိလိုက္ၿပီ ျဖစ္သည္။

အဆိုေတာ္ မီမီဝင္းေဖ၏ ဝင္းေဖရဲ႕ဘခ်ယ္ ေတးသီခ်င္း ျဖန္႔ခ်ိမည့္အေၾကာင္း စာနယ္ဇင္း မ်ားႏွင့္ မိတ္ဆက္သည့္ အခမ္းအနားကို ဧၿပီ ၂၆ရက္က ရန္ကုန္ၿမိဳ႕ အေနာက္ေရႊဂံုတိုင္လမ္းမေပၚရိွ Friendship စားေသာက္ဆိုင္တြင္ ျပဳလုပ္ခဲ့သည္။

ထိုေတးသီခ်င္းကို ဦးဝင္းေဖမွ လြန္ခဲ့သည့္ ႏွစ္ ၄ဝက ေရးသားထားသည့္ ေတးသီခ်င္းျဖစ္ကာ ပရိသတ္မ်ားအတြက္ အမွတ္တရ အေနျဖင့္ ျဖန္႔ခ်ိေပးျခင္း ျဖစ္သည္။

အဆိုေတာ္ မီမီဝင္းေဖက "သားအဖ ႏွစ္ေယာက္က အႏုပညာနဲ႔ ပတ္သက္ၿပီး အတူတူ တြဲမလုပ္ဖူးေတာ့ ေဖေဖ့ရဲ႕ ပရိသတ္ေတြအတြက္ေရာ မမီရဲ႕ ပရိသတ္ေတြအတြက္ပါ မမီတို႔ရဲ႕ မိသားစုလက္ေဆာင္အျဖစ္ ဒီသီခ်င္းေလးကို ပရိသတ္အတြက္ စီစဥ္ျဖစ္တာပါ " ဟု ေျပာသည္။

ဝင္းေဖရဲ႕ဘခ်ယ္ ေတးသီခ်င္းသည္ ဦးဝင္ေဖ၏ ဝတၱဳတိုထဲမွ ဇာတ္ေကာင္တစ္ဦးျဖစ္သည့္ ဘခ်ယ္ကို ထည့္သြင္းအသံုးျပဳထားၿပီး လူေတြ ဆင္းရဲအက်ပ္အတည္းေတြ႕ၾကၿပီး ဘာေၾကာင့္ လူေတြဆင္းရဲရတယ္ဆိုတာကို ေရးစပ္ထားျခင္း ျဖစ္သည္။

အဆိုေတာ္ မီမီဝင္းေဖသည္ တစ္ကိုယ္ေတာ္ ေတးအယ္ဘမ္ေပါင္း ၁၆ေခြ ထြက္ရိွခဲ့သလို အတြဲေခြမ်ားတြင္လည္း ပါဝင္သီဆိုထားသူ ျဖစ္သည္။

႐ိႈးပြဲေတြအဆိုမ်ားေနသည့္ အဆိုေတာ္ မီမီဝင္းေဖသည္ လက္ရိွတြင္ အဆိုေတာ္ ဘိုျဖဴ ႏွင့္ အတြဲေခြ စီစဥ္လ်က္ရိွၿပီး ထိုေတးအယ္ဘမ္ကို ၂ဝ၁၇ခုႏွစ္ထဲတြင္ ထြက္ရိွရန္ စီစဥ္ထားသည္။

Unicode-
အဆိုတော် မီမီဝင်းဖေသည် ၎င်း၏ ဖခင် ဦးဝင်ဖေ ရေးသားပေးထားသည့် ဝင်းဖေရဲ့ဘချယ်အမည်ရှိ တေးသီချင်းကို Myanmar Music Store အွန်လိုင်းမှ ဧပြီ ၂၆ရက်မှ စတင်ပြီး Free Download အနေဖြင့် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

အဆိုတော် မီမီဝင်းဖေ၏ ဝင်းဖေရဲ့ဘချယ် တေးသီချင်း ဖြန့်ချိမည့်အကြောင်း စာနယ်ဇင်း များနှင့် မိတ်ဆက်သည့် အခမ်းအနားကို ဧပြီ ၂၆ရက်က ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ Friendship စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

ထိုတေးသီချင်းကို ဦးဝင်းဖေမှ လွန်ခဲ့သည့် နှစ် ၄ဝက ရေးသားထားသည့် တေးသီချင်းဖြစ်ကာ ပရိသတ်များအတွက် အမှတ်တရ အနေဖြင့် ဖြန့်ချိပေးခြင်း ဖြစ်သည်။

အဆိုတော် မီမီဝင်းဖေက "သားအဖ နှစ်ယောက်က အနုပညာနဲ့ ပတ်သက်ပြီး အတူတူ တွဲမလုပ်ဖူးတော့ ဖေဖေ့ရဲ့ ပရိသတ်တွေအတွက်ရော မမီရဲ့ ပရိသတ်တွေအတွက်ပါ မမီတို့ရဲ့ မိသားစုလက်ဆောင်အဖြစ် ဒီသီချင်းလေးကို ပရိသတ်အတွက် စီစဉ်ဖြစ်တာပါ " ဟု ပြောသည်။

ဝင်းဖေရဲ့ဘချယ် တေးသီချင်းသည် ဦးဝင်ဖေ၏ ဝတ္တုတိုထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သည့် ဘချယ်ကို ထည့်သွင်းအသုံးပြုထားပြီး လူတွေ ဆင်းရဲအကျပ်အတည်းတွေ့ကြပြီး ဘာကြောင့် လူတွေဆင်းရဲရတယ်ဆိုတာကို ရေးစပ်ထားခြင်း ဖြစ်သည်။

အဆိုတော် မီမီဝင်းဖေသည် တစ်ကိုယ်တော် တေးအယ်ဘမ်ပေါင်း ၁၆ခွေ ထွက်ရှိခဲ့သလို အတွဲခွေများတွင်လည်း ပါဝင်သီဆိုထားသူ ဖြစ်သည်။

ရှိုးပွဲတွေအဆိုများနေသည့် အဆိုတော် မီမီဝင်းဖေသည် လက်ရှိတွင် အဆိုတော် ဘိုဖြူ နှင့် အတွဲခွေ စီစဉ်လျက်ရှိပြီး ထိုတေးအယ်ဘမ်ကို ၂ဝ၁၇ခုနှစ်ထဲတွင် ထွက်ရှိရန် စီစဉ်ထားသည်။

Category

🗞
News
Comments

Recommended