Skip to playerSkip to main content
  • 9 years ago
မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးတည်ဆောက်ရေး လုပ်ငန်း များ အစိုးရရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ကူညီထောက်ပံ့တဲ့ အစီအစဉ် တစ်ရပ် ဖြစ်တဲ့ နှစ်ရှည်အတိုးနည်းချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလီယံကို ထောက်ပံ့ မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် -ADB ရဲ့ မြန်မာပြည် ခေတ္တဌာနေကိုယ်စား လှယ်က ပြောဆိုလိုက်ပါတယ်။
ဒီချေးငွေဟာ ADB ရဲ့ ၂၀၁၇ ခုနှစ်မှာ စတင်မယ့် နိုင်ငံရဲ့မိတ်ဘက် မဟာ ဗျူဟာ အစီအစဉ် အသစ်အရ ၂၀၂၀ခုနှစ်အထိ ထောက်ပံ့ငွေဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်-ADB အနေနဲ့ ၂၀၁၃ ခုနှစ်ကတည်းက နိုင်ငံရဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ထောက်ပံ့ကူညီ ပေးခြင်းလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပြီးတော့ အရင်အစိုးရလက် ထက်ကနေစပြီး နိုင်ငံရဲ့မိတ်ဘက်မဟာဗျူဟာအစီအစဉ်တွေကို နှစ်ပိုင်း အလိုက် ကူညီထောက်ပံ့ပေးတာပါ။ ADB အနေနဲ့ အဲဒိ နိုင်ငံရဲ့မိတ်ဘက် မဟာဗျူဟာအစီအစဉ်အရ မြန်မာနိုင်ငံကို နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၀၀ ခန့် ကူညီပေးဖို့ သဘောတူထားပြီးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးတည်ဆောက်ရေး အပိုင်းမှာ အစိုးရ အနေနဲ့ ၂၀၃၀ ခုနှစ်အထိ ကန်ဒေါ်လာ ၁၂၀ ဘီလီယံခန့် ကုန်ကျသွားရဖို့ ရှိတယ်လို့ ADB က ခန့်မှန်းထားပြီး ဒီရင်းနှီးမြှုပ်နှံငွေပမာဏဟာ သယ်ယူပို့ ဆောင်ရေး၊ဆက်သွယ်ရေးနဲ့ လျှပ်စစ်စွမ်းအားဖြန့်ချီရေးနဲ့ ထုတ်ယူရေး ကဏ္ဍတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ မြို့ပြအခြေခံအဆောက်အဦးဖွံ့ဖြိုးရေးအပိုင်းပါ ပါမယ်ဆိုရင် ၂၀၃၀ ခုနှစ် အထိကို ကန်ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါးအထိ ကုန်ကျမှာဖြစ်တယ်လို့ ADB က ခန့်မှန်းထားပါတယ်။

Category

🗞
News
Comments

Recommended