Skip to playerSkip to main content
  • 9 years ago
၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ပြည်တွင်း အဖျော်ယမကာလုပ်ငန်း IBTC နဲ့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း၆၀ ရင်းနှီးမြှုပ်နှံထားတဲ့ APB Alliance Brewery Limited (အေ ပီ ဘီ အလိုင်းရန့်(စ) ဘရူးဝါရီ လီမိတက်) ဟာ အခုဆိုရင် Heineken Myanmar Limited (ဟန်နီကန် မြန်မာ လီမိတက်) ဆိုပြီး အမည်ပြောင်းလဲ လုပ်ကိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ အခုလို အမည်ပြောင်းလဲလိုက်တာဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ အမည်နဲ့ အမှတ်တံဆိပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြခွင့် ရနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုအောင်သူရ ပြောပြထားတဲ့ သတင်းထဲမှာ ဆက်ပြီး ရှုစားရမှာဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended