Skip to playerSkip to main contentSkip to footer
  • 8 years ago
ZawGyi -


Unicode -

YBS မြို့တွင်းပတ်ယာဉ်လိုင်းများဖြစ်တဲ့ ၅၆၊ ၅၇နဲ့ ၅၈ ယာဉ်လိုင်းတွေမှာ မေလ ၂၅ရက်နေ့ကစပြီး မီနီဘတ်များနေရာမှာ ၁၉၉၅မော်ဒယ်အထက် စီးတီးဘတ်များကို အစားထိုးပြေးဆွဲနေတာဟာ တစ်ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ အဲ့ဒီထဲက အချို့ယာဉ်လိုင်းတွေမှာတော့ ယာဉ်နောက်လိုက်မပါတော့ဘဲ ရှေ့ပေါက်ကနေ တက်ပြီး စီးနင်းခကို ပိုက်ဆံပုံးထဲ ထည့်ပေးရတဲ့ ရှေ့တက်နောက်ဆင်း စနစ်ကို ကျင့်သုံးနေပါတယ်။
ဒီလိုစနစ် ကျင့်သုံးတဲ့နေရာမှာ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေအတွက် အကျွမ်းတဝင် မဖြစ်သေးတာကြောင့် စီးနင်းသူတွေသာမက ယာဉ်မောင်းတွေ အတွက်ပါ အဆင်ပြေမှု၊ ထိရောက်မှုရှိမရှိနဲ့ ပတ်သက်ပြီး မဇ္ဈိမက အခုလို မေးမြန်းထားပါတယ်။

Category

🗞
News

Recommended