Skip to playerSkip to main contentSkip to footer
  • 9 years ago
သရုပ်ဆောင် မိုးအောင်ရင်ကို ဒုတိယအကြိမ် ရုံးချိန်းအဖြစ် စက်တင်ဘာ ၁၂ ရက်နေ့က ပုဇွန်တောင်ရဲစခန်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ မိုးအောင်ရင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ မိန်ကလေးမိတ်ဆွေဖြစ်သူအိမ်မှာ ရောက်နေစဉ် အိုက်စ် မူးယစ်ဆေး (၁) ဂရမ်နဲ့အတူ ပုဇွန်တောင်ရဲစခန်းက လက်ဝယ်ဖမ်းမိခံခဲ့ရတဲ့အတွက် ပုဇွန်တောင် ရဲစခန်းက သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာပုဒ်မ ၁၅/၁၆ နဲ့ အရေးယူထားတာလည်းဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလ (၂၆) ရက်နေ့မှာတော့ မိုးအောင်ရင်ကို ထပ်မံ တရားရုံးထုတ် စစ်ဆေးသွားမှာဖြစ်ပါတယ်။

Category

🗞
News

Recommended

34:36