Skip to playerSkip to main contentSkip to footer
  • 9 years ago
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေး နောက်ဆုံးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်း နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ လေးရက်တာ ကျင်းပခဲ့တဲ့ ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် ပြည်တွင်းပြည်ပ ဧည့်သည်တော်တွေ စုစုပေါင်း ၁၆၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
ဒုတိယ အစည်းအဝေးကို ၆ လ အတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ညီလာခံ ၄ ရက်အတွင်း အစိုးရ။ နိုင်ငံရေးပါတီ၊ တပ်မတော်၊ ပါဝင်သင့် ပါဝင်သူများ အစုအဖွဲ့ စတဲ့ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေက အကြံပြု စာ တမ်းတွေ၊ သဘောထားအမြင်တွေကို ဖတ်ကြားတင်ပြခဲ့ပါတယ်။
အန်အယ်ဒီ အစိုးရ လက်ထက်မှာ ပြန်လည် ကျင်းပတဲ့ အခု ညီလာခံဟာ ဒီနှစ် ဆန်းပိုင်း သမတ ဦးသိန်းစိန် လက်ထက်က စတင်ခဲ့တဲ့ ညီလာခံရဲ့ အဆက်ဖြစ်ပြီး ဖွင့်ပွဲ သဘောမျိုး ဖြစ်တယ်လို့ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျင်းပနိုင်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဟာ နှစ်နဲ့ ချီ ကြာမြင့်နိုင်တယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်းတွေက ခန်းမှန်းကြပါတယ်။

Category

📺
TV

Recommended

34:36