Skip to playerSkip to main content
  • 10 years ago
၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်လာတဲ့ UWSA ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် က ဆက်ရံရေးအဖွဲ့ ဟာ ဒုတိယ နေ့ အစည်းအဝေးကို တက်ရောက်ခြင်းမပြူဘဲ ပြန်သွားပီဖြစ်ပါတယ်။ သူတို့ အနေနဲ့ ပြန်မဲ့ အကြောင်း ကို ညီလာခံကျင်းပရေးကော်မတီကို အသိပေးပီး ပြန်သွားကြတာဖြစ်ပါတယ်။ သူတို့ ကို လေ့လာသူအဖြစ်သာ တက် ခွင့်ပြူခဲ့တဲ့ အပေါ် တန်းတူညီမျမူ့ မရှိဘူးလို့  UWSA ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူတဦး ကဒီဗီဘီ ကိုပြောပါတယ်။

ဒီနေ့ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို UWSA ‘၀’ ပြည်နယ်သွေးစည်း ညီညွတ်ရေးတပ်မတော် ဆက်ဆံရေးအဖွဲ့ဟာ ဒုတိယနေ့ အစည်းအဝေးကို တက်ရောက်ခြင်း မပြုဘဲ ထွက်ခွာမှုအပေါ် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြန်လည်ရှင်းလင်းပြောကြားပါတယ်။

UWSA ‘၀’ ပြည်နယ်သွေးစည်း ညီညွတ်ရေးတပ်မတော် ဆက်ဆံရေးအဖွဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ ထွက်ခွာမှုအပေါ် ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအိုင်ရုံးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

DVB TV - 01.09.2016

Category

🗞
News
Comments

Recommended