Skip to playerSkip to main contentSkip to footer
  • 9 years ago
၂၁ ပင်လုံညီလာခံ ကျင်းပဖို့ ရက်ပိုင်းသာလိုတော့ပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားသလို တက်ရောက်ရန် ဆက်သွယ်မှုမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ညီလာခံကျင်းပချိန် အထိစောင့်နေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ကသိရပါတယ်။
"နောက်ဆုံးအချိန်အထိ စောင့်မယ်။ ညီလာခံ ၃၁ရက်နေ့ ကျင်းပမယ်။ ကျင်းပမယ့်အချိန်ထိ စောင့်မယ်။ အခုချက်ချင်း ကြေညာ အခုချက်ချင်း လာလို့ရတယ်" လို့ သမ္မတရုံးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။
တိုင်းရင်းသားနက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့တက်မှာဖြစ်ပြီး မြောက်ပိုင်းအခြေစိုက် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် - ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကတော့ ညီလာခံအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ် ပါတယ်။

လုံခြုံရေးတိုးဆောင်ရွက်ထားတဲ့အကြောင်းကိုလဲ ဦးဇော်ဌေးက အခုလိုပြောဆိုခဲ့ပါသေးတယ်။ညီလာခံအတွက် တက်ရောက်မယ့် ကိုယ်စားလှယ်တွေအတွက် နေပြည်တော် ဟိုတယ်ဇုန် ၁ မှာရှိတဲ့ ဟိုတယ် ၆ နေရာ စီမံပေးထားပြီး လုံခြုံရေးအရ လက်နက်ခဲယမ်းတွေ ယူဆောင်ခြင်းမပြုဖို့ကိုလဲ တိုင်းရင်းသားလက်နက် ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အခြားအဖွဲ့အစည်းတွေကလည်း သဘောတူ စည်းကမ်းသတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Category

📺
TV

Recommended

34:36