Skip to playerSkip to main content
  • 10 years ago
မြန်မာနိုင်ငံမှာ ဆူညံသံတွေဟာ တဖြည်းဖြည်းဆိုးရွားလာနေပြီလို့ တက်ရောက်ဆွေးနွေးတဲ့သူအားလုံး
နီးပါးကက အခုအပတ်ဒီဗီဘီဒီဘိတ်မှာ လက်ခံဆွေးနွေးပြောဆိုသွားပါတယ်။
ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဆူညံသံတွေ ညံလွန်းနေပြီလား ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုအပတ် ဒီဘိတ်ကို
ပြုလုပ်သွားခဲ့တာဖြစ်ပြီး ဆူညံသံတွေကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတဲ့အပေါ်မှာတော့ သဘောကွဲလွဲ
မှုတွေရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ အသံကို ဒက်စီဘယ်လို့ခေါ်တဲ့ ယူနစ်နဲ့တိုင်းတာပြီး ဒက်စီဘယ် ၈၀ ကျော်ရင် ဆူညံ သံလို့ သတ်မှတ်ထားပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ ဒီကနေ့ကမ္ဘာပေါ်က စိတ်ရောဂါဝေဒနာရှင်အားလုံးရဲ့ သုံးပုံတစ်ပုံနဲ့ခေါင်းကိုက် ဝေဒနာရှင်အာလုံးရဲ့ ငါးပုံတစ်ပုံဟာ ဆူညံသံကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆူညံသံတွေဟာ လူတွေရဲ့အားနာစိတ်နဲ့
ဘာသာရေးကိစ္စတွေကြားမှာ ကြီးထွားလာနေတာဖြစ်ပါတယ်။
အဲဒီလိုပဲ ဆူညံသံရှိလာရင် တိုင်တန်းမှုနည်းပါးသလို တိုင်တန်းလာခဲ့ရင်လည်း အာဏာပိုင်တွေအနေနဲ့ အရေးယူမှုတစုံတရာမရှိတဲ့အတွက် အခုလိုဆိုးရွားလာနေတာလို့တက်ရောက်သူတွေက ဒီဘိတ်မှာ ထောက်ပြဆွေးနွေးသွားခဲ့ကြပါတယ်။
အခုလိုဆူညံသံပြဿနာနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာအပါအ၀င် လွှတ်တော်က အရေးတယူဆောင်ရွက်
တာတွေ မရှိသေးတဲ့အပေါ်မှာလည်း အဓိကဆွေးနွေးသူတွေက စောဒကတက်ဝေဖန်သွားခဲ့ကြပါတယ်။

Category

📺
TV
Comments

Recommended