Skip to playerSkip to main content
  • 10 years ago
အခုအပတ်ဒီဘိတ် ကို သယံဇာတခွဲဝေရေး ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါ
တယ်။ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ သွားရောက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းရေးပဠိပက္ခ
တွေတောက်လျှောက်ဖြစ်လာခဲ့ပြီး အဲဒီထဲမှာ သယံဇာတကြောင့်လည်းအပါအ၀င်ဖြစ်ပါတယ်။ဒီအပေါ်ကို
အညီအမျှခွဲဝေဖို့ရာ ၂၀၀၈ ဖွဲ့စည်းပုံက ပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုင်းရင်းသာပြဿနာကို ဖြေရှင်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ သယံဇာတကို အခြေခံတဲ့ စီမံခန့်ခွဲ
မှု ခိုင်ခိုင်မာမာရှိဖို့လိုအပ်လာပါတယ်။ သယံဇာတတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှတစွာခွဲဝေသုံးစွဲခြင်းဟာ တိုင်းရင်းသားပြဿနာတွေကို အထိုက်အလျှောက်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်သူတွေလည်းရှိနေပါတယ်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ ဒါကိုအကျယ်တ၀င့်ထည့်သွင်းဆွေးနွေးတာတွေမရှိသေးပါဘူး။
ဆွေးနွေးလာခဲ့ရင်လည်း ပိုမိုခက်ခဲနိုင်တယ်လို့ ပြင်ပက၀င်ရောက်ဆွေးနွေးတဲ့ ဦးအောင်နိုင်ဦးကဆိုပါတယ်။
လက်ရှိအချိန်မှာ အစိုးရအနေနဲ့ သယံဇာတတူးဖော်ထုတ်ယူနေမှုအပေါ်မှာ ပွင့်လင်းမြင်သာဖို့လိုအပ်ပြီး
သုတေသနလုပ်ငန်းတွေအရေးကြီးတဲ့အကြောင်း လက်ရှိအစိုးရအပါအ၀င် လွတ်တော်အမတ်တွေအနေနဲ့
ရှမ်းပြည်နယ်မှာ သယံဇာတဘယ်လောက်ထွက်လဲဆိုတာ သိရဲ့လားလို့ ကိုမိုးက မေးခွန်းထုတ်ပြောဆိုသွား
ပါတယ်။

Category

📺
TV
Comments

Recommended