Skip to playerSkip to main content
  • 10 years ago
အခုအပတ်ဒီဗီဘီ ဒီဘိတ်ကို လက်တလော ဒေသတွင်းနိုင်ငံတွေသာမက နိုင်ငံတကာကပါအာရုံစိုက်လာနေ
တဲ့ လှေစီးဒုက္ခသည်အရေး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။ ဒီဘိတ်ရဲ့အစပိုင်းမှာတော့ ဘင်္ဂလားပင်လယ်နဲ့မလက္ကာရေလက်ကြားက လှေစီးဒုက္ခသည်တွေဟာ ဘာအကြောင်းတွေကြောင့် ပင်လယ်
ထဲရောက်ရှိနေတာလဲ သူတို့တွေဟာ ဘယ်ကလာတာလဲဆိုတာတွေကို စတင်ဆွေးနွေးခဲ့ကြပါတယ်။ ဒါနဲ့
ပတ်သတ်ပြီး လှေစီးဒုက္ခသည်တွေ အခုလိုများပျားလာတာဟာ တစ်ဖက်ရဲ့ဆွဲဆောင်မှုကြောင့်လို အဓိက ဆွေးနွေးသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာအေးမောင်က အခိုင်အမာပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ ထိုင်း၊မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေက လူကုန်ကူးမှုတွေကို ဖိဖိစီးစီးဖော်ထုတ် အရေးယူလာရာကနေ ပင်လယ်ပြင်မှာဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည်ပေါင်းဟာ ထောင်ချီရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ထုတ်ပြန်ချက်မှာတော့ အခုနှစ်ပထမ ၃ လပတ်အတွင်း မှာပဲ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီးရောက်ရှိလာတဲ့ လှေစီးဒုက္ခသည်ပေါင်း ၂သောင်းခွဲလောက်ရှိပြီလို့ ဖော်ပြထားပါတယ်။
ဒါတွေကို ဖြေရှင်းနိုင်ဖို့ နောက်ထပ် လှေစီးဒုက္ခသည်တွေ ထပ်မပေါ်ထွက်လာဖို့ ဒေသတွင်း
နိုင်ငံတွေအားလုံးပူးပေါင်းဖြေရှင်းဖို့လိုသလို လူကုန်ကူးမှုတွေကို ဖိဖိစီးစီးကိုင်တွယ်ဖို့လိုတယ်လို့ ပြင်ပက ၀င်
ရောက်ဆွေးနွေးတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူ ဦးထူးချစ်ကလည်း ဒီဘိတ်မှာ ထောက်ပြဆွေးနွေးသွားပါတယ်။ ဒီဘိတ်မှာ တက်ရောက်လာတဲ့ ပရိတ်သတ်တွေအကြား အငြင်းပွားမှုပြင်း
ထန်ခဲ့ပြီး ဒါကို ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ကြားကနေ ၀င်ရောက်ထိန်းသွားခဲ့ရပါတယ်။

Category

📺
TV
Comments

Recommended