Skip to playerSkip to main content
  • 6 years ago
EU အနေဖြင့် ဥရောပတခွင် ၃၅% လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ကာမိစေရန် ပြန်ပြည့်မြဲ စွမ်းအင်ကဏ်ဍ ကို၂၀၂၀ မတိုင်ခင် ရယူလိုပါသည်။ ဤစီမံချက်တွင် လေစွမ်းအင်သည် အဓိက အရေးပါသည်။ ထို့ကြောင့် ဂျာမန် မြောက်ပင်လယ် ကမ်းအလွန် ကီလိုမီတာ ၁၂၀တွင် ကြီးမားသော လေစွမ်းအားခြံကို ယခင်ထက်ပိုပြီး ပြည်မနှင့် ပို၍ ဝေးကွာစွာ တည်ဆောက်နေပါသည်။ အလွန်ဝေးကွာသော နေရာမှ လျှပ်စစ်ဓါတ်အားကို ပို့ဆောင်ရန်အတွက် နည်းပညာအသစ် ဖြစ်သော ဗို့အားမြင့် တိုက်ရိုက်လျှပ်စီး ထုတ်လွှင့်ခြင်း လိုအပ်ပါသည်။ ထိုကဲ့သို့ ပြုလုပ်ရန် မြောက်ပင်လယ်ထဲတွင် အထူး ပင်လယ်မျက်နှာပြင်အောက် ကေဘယ်လ် တပ်ဆင်ရုံ ထပ်ပိုပြီး လိုအပ်ပါသည်၊ သမုဒ္ဒရာပြင်ထဲတွင် လျှပ်စစ်စွမ်းအင်ကို ပြန်လှန်လျှပ်စီးမှ တိုက်ရိုက်လျှပ်စီးသို့ ပြောင်းလဲရပါမည်။

https://memr.moe.edu.mm/en/video/quick-and-clean-the-new-generation-power-grid/

Category

📚
Learning
Comments

Recommended