Skip to playerSkip to main content
  • 6 years ago
ဂျာမနီနိုင်ငံမြောက်ဘက်၊ Hamburg မြို့ရှိ Airbus စက်ရုံရဲ့ လေယာဥ်တပ်ဆင်ရေးလမ်းကြောင်းမှ နေ့တိုင်းနီးပါး လေယာဥ်အသစ်တွေ ထုတ်လုပ်နေပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ပုံရိပ်တစ်ခုကတော့ အမှတ် ၃၁၄ ပဲဖြစ်ပါတယ်။ Hamburg မြို့ရှိ Airbus စက်ရုံဟာဆိုရင် ကမ္ဘာတစ်၀ှမ်းမှာရှိတဲ့ လေယာဥ်စက်ရုံတွေထဲမှာ တတိယအကြီးဆုံး စက်ရုံဖြစ်ပါတယ်။ Hamburg မြို့မှာ လူဦးရေ နှစ်သန်းကျော်နေထိုင်ကြပြီး ၁၂၅၀၀ ဦး က Airbus စက်ရုံမှာ လုပ်ကိုင်နေပါတယ်။ Hamburg Airbus စက်ရုံက တာတိုနဲ့ တာလတ်ပြေးဆွဲနေတဲ့ လေယာဥ်အမှတ် A350 ကို တပ်ဆင်ခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ လေယာဥ်မှာပါ၀င်တဲ့ အစိတ်အပိုင်းများကိုတော့ ဥရောပနိုင်ငံအနှံ့အပြားမှ တင်သွင်းပါတယ်။ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဥ်ရဲ့ အခန်းများတည်ဆောက်ခြင်းနှင့် လေယာဥ်ဆေးမှုတ်ခြင်းတို့ကိုလည်း Hamburg စက်ရုံမှာ တည်ဆောက်ခဲ့ပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်စေရန်၊ လေယာဥ်အလေးချိန်ပေါ့ပါးစေရန်၊ လောင်စာဆီသုံးစွဲမှုကိုလည်း လျှော့ချပေးစေရန်နှင့် ပတ်၀န်ကျင်းအတွက်လည်းကောင်းမွန်စေရန်အတွက် titanium ကို အသုံးပြုပြီး 3D ပုံနှိပ်ခြင်းကိုလည်း ပြုလုပ်ပါတယ်။ အလွန်ခေတ်မီတဲ့ carbon fibre ကို သုံးပြီး လေယာဥ်ကို ပေါ့ပါးအောင်၊ တည်ငြိမ်အောင်လည်း ပြုလုပ်ပါတယ်။ အင်ဂျင်နီယာတွေနဲ့ အခန်းဒီဇိုင်နာတွေဟာ လို့ ခေါ်တဲ့ နေရာမှာ နေ့တိုင်း စမ်းသပ်မှုတွလုပ်ကြပါတယ်။ Airbus ရဲ့ နည်းပညာတွေကတော့ တကယ့်ကိုပဲ အဆင့်မြင့်ပါတယ်။

https://memr.moe.edu.mm/en/video/airbus-every-day-a-new-aircraft/

Category

📚
Learning
Be the first to comment
Add your comment

Recommended