Skip to playerSkip to main content
  • 6 years ago
အောင်ကြီးကို ပြန်လွှတ်လိုက်သည့် တရားရုံးဆုံးဖြတ်ချက်အပေါ် အံ့ဩမိဟု ရဲတပ်ဖွဲ့ပြော

*************************

နေပြည်တော်က နာမည်ကျော် ဗစ်တိုးရီးယားအမှုမှ တရားလိုပြသက်သေအားလုံးကို စစ်ဆေးမပြီးခင်မှာပင် သံသယတရားခံ အောင်ကြီးကို ပြန်လွှတ်ပေးလိုက်ခြင်းကြောင့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့သည်။

ဗစ်တိုးရီးယားအမှုတွင် တရားလိုပြ သက်သေ ၂၆ဦးရှိရာ ၁၉ဦးကို စစ်ဆေးပြီးချိန်တွင် အမှုကျူးလွန်ကြောင်း မပေါ်ပေါက်ဟုဆိုကာ ဒက္ခိဏခရိုင်တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့က တရားခွင်အပြီးတွင် အောင်ကြီးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။။ ယခုကဲ့သို့ ပြန်လွှတ်ပေးလိုက်ခြင်းနှင့် ပတ်သက်၍ ပြုလုပ်သည့် ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲတွင် မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တင်ဆက်- အောင်မြတ်သူ

Category

🗞
News
Be the first to comment
Add your comment

Recommended