Do you want to remove all your recent searches?

All recent searches will be deleted

Watch fullscreen

ဆေးပညာသင်ကြားမှု သမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေး သုတေသနဌာနဖွင့်လှစ်

Mizzima TV
Mizzima TV
2 days ago|0 view
ဆေးပညာသင်ကြားမှု သမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေး သုတေသနဌာနဖွင့်လှစ်
*************************************
မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားမှုသမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေးနှင့် သုတေသနဌာနကြီးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ရန်ကုန်ဆေးတက္ကသိုလ်(၁)ဝန်းတွင် ဒီဇင်ဘာလ ၂ ရက် နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ သုတေသနဌာနအဆောက်အဦကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဆရာဝန် ၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင် ၊ ကျန်းမာရေးဝန်ထမ်းများအတွက် နိုင်ငံတကာအဆင့်မီ ဆေးပညာ ကျွမ်းကျင်မှု လက်တွေ့သင်ကြား လေ့ကျင့်မှု နှင့် သုတေသနလုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးတက် လုပ်ဆောင် နိုင်မည်ဟု သိရသည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63788
ရိုက်ကူး/တည်းဖြတ် - နန့်ခိုင်
(zawgyi)
ေဆးပညာသင္ၾကားမႈ သမိုင္းတြင္ ပထမဆုံးျဖစ္သည့္ ေလ့က်င့္သင္ၾကားေရး သုေတသနဌာနဖြင့္လွစ္
*************************************
ျမန္မာႏိုင္ငံ၏ ေဆးပညာသင္ၾကားမႈသမိုင္းတြင္ ပထမဆုံးျဖစ္သည့္ ေလ့က်င့္သင္ၾကားေရးႏွင့္ သုေတသနဌာနႀကီးကို ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ရွိ ရန္ကုန္ေဆးတကၠသိုလ္(၁)ဝန္းတြင္ ဒီဇင္ဘာလ ၂ ရက္ ေန႔က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့သည္။

အဆိုပါ သုေတသနဌာနအေဆာက္အဦကို ဖြင့္လွစ္ႏိုင္ခဲ့သည့္အတြက္ ဆရာဝန္ ၊ သူနာျပဳႏွင့္ ေဆးဘက္ဆိုင္ရာ ပညာရွင္ ၊ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ႏိုင္ငံတကာအဆင့္မီ ေဆးပညာ ကြၽမ္းက်င္မႈ လက္ေတြ႕သင္ၾကား ေလ့က်င့္မႈ ႏွင့္ သုေတသနလုပ္ငန္းမ်ားကို စနစ္တက် ပိုမိုတိုးတက္ လုပ္ေဆာင္ ႏိုင္မည္ဟု သိရသည္။

သတင္းအျပည့္စုံ - http://www.mizzimaburmese.com/article/63788
႐ိုက္ကူး/တည္းျဖတ္ - နန႔္ခိုင္

Browse more videos