Skip to playerSkip to main content
  • 6 years ago
ပွဲပျက်တဲ့ကိစ္စ မင်းသား စွမ်းဇာနည်ကိုယ်တိုင် ညှိနှိုင်းရန် ပွဲကျင်းပရေးကော်မတီ တောင်းဆို
**********************
မန္တလေးခရိုင်၊ အမရပူရမြို့နယ် နန်းတော်ရာရပ်ကွက် ဘုံကထိန်ပွဲအတွက် တစ်ညလျှင် ၅၅သိန်းဖြင့် စာချုပ်ချုပ် ဆိုငှားရမ်းထားသော်လည်း ခေါင်းဆောင်မင်းသားစွမ်းဇာနည် လာရောက်ခဲ့ခြင်းမရှိဘဲ ပွဲပျက်ခဲ့သည့်အတွက် လူ ကိုယ်တိုင်လာရောက်ညှိနှိုင်းရန်လိုအပ်ကြောင်း ပွဲကျင်းပရေးကော်မတီက တောင်းဆိုလိုက်သည်။

“စာချုပ်စကားရ စကားပြောတာမဟုတ်ဘူး၊ စာချုပ်အရပါလို့ စကားမပြောတာမဟုတ်တဲ့အတွက် ကျွန်တော် တို့ဘက်လည်းစီစဉ်ပေးတာအဆင်ပြေသလို၊ သူတို့ဘက်ကလည်း ဇာတ်ကဖို့အတွက် ဇာတ်သူဇာတ်သားတွေ အားလုံးရောက်လာတယ်၊ ပွဲဖျက်တဲ့သူ တစ်စုံတဦးကြောင့် ဇာတ်အကြီးတခုလုံးနစ်နာမှုဆုံးရှုံးမှုအတွက် ကျွန် တော်တို့ညှိနှိုင်းလိုက်တာဖြစ်တယ်” ဟု ပွဲကျင်းပရေးကော်မတီဝင် ကိုသန်းထိုက်က ပြောသည်။
ရိုက်ကူး - ထက်မြတ်
တည်းဖြတ် - ဝေမင်းဟန်
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62823

Category

🗞
News
Comments

Recommended