Do you want to remove all your recent searches?

All recent searches will be deleted

Watch fullscreen

စည်ပင်လေလံ လျာထားချက်ထက် ပိုရခဲ့ဟုဆို

Mizzima TV
Mizzima TV
6 days ago|0 view
စည်ပင်လေလံ လျာထားချက်ထက် ပိုရခဲ့ဟုဆို
****************
၂၀၁၉-၂၀၂၀ ဘက်ဂျက်နှစ်အတွက် စည်ပင်သာယာလုပ်ငန်းများမှ လျာထားငွေထက် ပိုမိုရရှိခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။

၂၀၁၉-၂၀၂၀ စည်ပင်လေလံပွဲသည် ဘက်ဂျက်နှစ်မတိုင်ခင် ကြိုကျင်းပရကြောင်းနှင့် လေလံအောင်ခဲ့သည် လုပ်ငန်းရှင်များက အောက်တိုဘာ ၁ရက်နေ့မှစတင်ပြီး လေလံအောင်လုပ်ငန်းများကို စတင်ဆောင်ရွက်ရခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ဘက်ဂျက်နှစ်မစခင်မှာတင် လေလံရောင်းချခြင်းလုပ်ငန်းတွေကိုအပြီးဆောင်ရွက်ရတယ်၊စည်ပင်သာယာရေးအဖွဲ့ပေါင်း ၃၃ဖွဲ့ လေလံရောင်းချရေးလုပ်ငန်း လျာထားငွေက သိန်းပေါင်း ၇၉၇၅၈.၉၇ ကျပ်လျာထားခဲ့ပါတယ်၊အမှန်တကယ်ရောင်းချပြီးစီးပြီး ရရှိငွေဟာသိန်းပေါင်း ၉၀၁၀၅.၇သိန်းရရှိခဲ့ပြီး၊လျာထားငွေအပေါ်မှာ သိန်းပေါင်း၁၀၃၄၆.၆၀ ပိုမိုရရှိခဲ့ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်

( Zawgyi )

စည္ပင္ေလလံ လ်ာထားခ်က္ထက္ ပိုရခဲ့ဟုဆို
****************
၂၀၁၉-၂၀၂၀ ဘက္ဂ်က္ႏွစ္အတြက္ စည္ပင္သာယာလုပ္ငန္းမ်ားမွ လ်ာထားေငြထက္ ပိုမိုရရွိခဲ့သည္ဟု ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီးဦးေက်ာ္ျမင့္ကေျပာသည္။

၂၀၁၉-၂၀၂၀ စည္ပင္ေလလံပြဲသည္ ဘက္ဂ်က္ႏွစ္မတိုင္ခင္ ႀကိဳက်င္းပရေၾကာင္းႏွင့္ ေလလံေအာင္ခဲ့သည္ လုပ္ငန္းရွင္မ်ားက ေအာက္တိုဘာ ၁ရက္ေန႔မွစတင္ၿပီး ေလလံေအာင္လုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ရျခင္း ျဖစ္သည္။

“ကြၽန္ေတာ္တို႔က ဘက္ဂ်က္ႏွစ္မစခင္မွာတင္ ေလလံေရာင္းခ်ျခင္းလုပ္ငန္းေတြကိုအၿပီးေဆာင္႐ြက္ရတယ္၊စည္ပင္သာယာေရးအဖြဲ႕ေပါင္း ၃၃ဖြဲ႕ ေလလံေရာင္းခ်ေရးလုပ္ငန္း လ်ာထားေငြက သိန္းေပါင္း ၇၉၇၅၈.၉၇ က်ပ္လ်ာထားခဲ့ပါတယ္၊အမွန္တကယ္ေရာင္းခ်ၿပီးစီးၿပီး ရရွိေငြဟာသိန္းေပါင္း ၉၀၁၀၅.၇သိန္းရရွိခဲ့ၿပီး၊လ်ာထားေငြအေပၚမွာ သိန္းေပါင္း၁၀၃၄၆.၆၀ ပိုမိုရရွိခဲ့ပါတယ္”ဟု စည္ပင္သာယာေရးဝန္ႀကီးဦးေက်ာ္ျမင့္ကေျပာသည္။

႐ိုက္ကူး - စည္သူေမာင္ေမာင္

Browse more videos