Skip to playerSkip to main content
  • 7 years ago
မသင်္ကာသူတွေကို စစ်ဆေးရာမှာ ညှဉ်းပမ်းနှိပ်စက်တဲ့နည်း မသုံးဘူးလို့ တပ်မတော် ပြော
#MizzimaTV
အေအေနဲ့ပတ်သက်ပြီး မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ ညှဉ်းပမ်းနှိပ်စက်တဲ့နည်းကို ခွင့်ပြု မထားသလို စစ်ကြောရေးမှာ လက်လွန်သေဆုံးတာတွေလည်း မရှိဘူးလို့ တပ်မတော်ဘက်က ပြောပါတယ်။ နေပြည်တော်စစ်သမိုင်းပြတိုက်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၃ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာက အမျိုးသး ၂၇၅ ယောက်ကို အေအေနဲ့ ပတ်သက်၊ ဆက်နွယ်တယ် ဆိုတဲ့ သံသယနဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပေါင်းပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဖမ်းခံရသူတွေထဲက သေနတ်ဝင်လုမယ့် အခြေအနေထိ ဖြစ်လာတာကြောင့် ပစ်ခတ်ရာမှာ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သလို ၄ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျန်တဲ့သူတွေထဲက ၁၂၆ ယောက်ကို ပြန်လွတ်ပေးပြီးတော့ ၁၃၁ ယောက်ကိုတော့ စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။ ကျောက်တန်းကျေးရွာဖြစ်စဉ်မတိုင်ခင် ဧပြီလ ၁၀ ရက်နေ့ကလည်း ဖမ်းဆီးစစ်ဆေးခဲ့တဲ့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက အမျိုးသား ၂၇ ဦးထဲမှာလည်း အေအေ အဖွဲ့ဝင် ၁၈ ဦး ပါဝင်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်ခင်ဗျာ…။

မင်းမင်း (မဇ္ဈိမ) ၊ နေပြည်တော်

Category

🗞
News
Comments

Recommended