တောင်နဝင်းဆည်ကျိုးကျမှုသတင်း ကောလာဟလသာဖြစ်
---------------
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က တောင်နဝင်းဆည်ကျိုးကျတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံများ စိုးရိမ်နေကြပေမယ့် ဒါဟာ ကောလာဟလသဖြစ်တယ်လို့ အဲဒီကို ရောက်ရှိနေတဲ့ Mizzima သတင်းထောက် ဟန်ထူးဇော်က သတင်းပေးပို့ထားပါတယ်။
အဲဒီကောလာဟလမှာ ယခုတစ်ကြိမ် ထွက်ပေါ်လာတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလဲ တစ်ကြိမ် သတင်းများ ထွက်ပေါ်ဖူးတာကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာ ဆည်မြောင်းဦးစီးဌာနနှင့် ဘူမိဗေဒပညာရှင်တွေ လာရောက် စစ်ဆေးခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာ ငလျင် ၄ ကြိမ် လှုပ်ခဲ့တာကြောင့် အပေါ်မှာ အက်ကြောင်း လာထင်ခဲ့တာ ဖြစ်ပြီး ဒီဆည်ကျိုးမှာကို အနီးအနားနေ ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ်-ဟန်ထူးဇော်
Comments