
  • 6 years ago

မေ - ၁၉ ၊၂၀၁၈


ဒီကနေ့ မေလ ၁၉ရက်နေ့ မနက် ၇နာရီ၅၅မိနစ်ထဲက ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့ကာ ၉နာရီ ၁၅ မိနစ်အချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။




============================================
(Unicode)

ရွှေတိဂုံဘုရားမှာဓာတ်လှေကား စက်ချို့ယွင်းပြီးလူဆယ်ဦးကျော်ပိတ်မိ

မေ - ၁၉ ၊၂၀၁၈

ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်က ဓာတ်လှေကားတစ်စင်း စက်ချို့ယွင်းပြီး ဓာတ်လှေကားပေါ် ပါလာသူ(၁၆)ယောက်ဟာ အချိန်တစ်နာရီကျော် ပိတ်မိနေခဲ့ပါတယ်။

ဒီကနေ့ မေလ ၁၉ရက်နေ့ မနက် ရနာရီ၅၅မိနစ်ထဲက ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့ကာ ၉နာရီ ၁၅ မိနစ်အချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရွှေတိဂုံနယ်မြေမီးသတ်နဲ့ ဘုရားမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကာ ဓာတ်လှေကားပေါ်ပိတ်မိသူတွေ ထိခိုက်ဒဏ်ရာရမှုမရှိဖူးလို့ ဆိုပါတယ်။

ဒီဓာတ်လှေကားဟာ ပြီးခဲ့တဲ့ ဧပြီလကမှ မစ်ဆူဘီရှီကုမ္ပဏီက ရွှေတိဂုံဘုရားကို လှူဒါန်းထားတဲ့ ဓာတ်လှေကားတွေထဲ အပါအဝင်လဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

#Shwedagon #ရွှေတိဂုံဘုရား #LocalNews #7DayTV #7DayNews

Category

😹
Fun

Recommended