Skip to playerSkip to main content
  • 7 years ago
ချင်းပြည်နယ် ဝန်ကြီးတစ်ဦး ဘာကြောင့် ဆန္ဒအလျောက်နှုတ်ထွက်လိုက်သလဲ
မေ-၁၈၊ ၂၀၁၈
စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရာမှာ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့အတွက်ဆိုပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီးဌာနဝန်ကြီးက ဆန္ဒအလျောက်ရာထူးမှ နှုတ် ထွက်သွားခဲ့ပါတယ်။
ဝန်ကြီးက ဆန္ဒအလျောက်နှုတ်ထွက်ခွင့်တင်လာတဲ့အတွက် နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်တဲ့ အကြောင်း သမ္မတရုံးက ဒီမနက်မှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်ဝန်ကြီးဖြစ်တဲ့ ဆလိုင်းအိုက်ဇက်ခင်က နှုတ်ထွက်စာတင်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဒီလိုရေးသားထားပါတယ်။
ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး၊ မေ ၁၇ ရက် မှာ နိုင်ငံတော်သမ္မတကြီးက တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ် လို့ ရေးသားထားတာဖြစ်ပါတယ်။

ဆက်လက်ပြီးတောလည်း မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွတ်ပေးကြဖို့ ပန်ကြားလိုပါတယ်လို့လည်း ဆက်လက်ရေးသားထားတာဖြစ်ပါတယ်။
ဝန်ကြီးဟာ လူငယ်ချင်းတိုင်းရင်းသားဝန်ကြီးတစ်ဦးဖြစ်ပြီး လူသိများတဲ့ ပြည်နယ်ဝန်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37