Skip to playerSkip to main content
  • 9 years ago
ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံကို လာမယ့်နိုဝင်ဘာလ(၆)ရက်ကနေ (၁၇)ရက်အထိ ဂျာမနီနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

အဲ့ဒီညီလာခံမှာ မြန်မာ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထား တွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ အခုတည်းက ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ(၂)ရက်က စမ်းလန်းစိုပြေမှာ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ အရပ်ဖက်အဖွဲ့ အစည်း ကိုယ်စား လှယ်(၆၀)၀န်းကျင်နဲ့ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ပွိုင့်ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့နဲ့ ချင်းလူ့အခွင့်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended