Skip to playerSkip to main content
  • 9 years ago
ကားညအိပ်ရပ်နားခွင့် မူဝါဒက အားနည်းချက်တွေရှိတယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

အဲဒီမူဝါဒအရ ကားပါကင်လျှောက်ထားတဲ့နေရာတွေမှာ ရပ်နားမှုမရှိဘဲ အခြားနေရာတွေမှာရပ်ရင် ကားညအိပ်ခွန်တွေ ထုတ်ပေးမှုမရှိဘူးလို့ ဦးမောင်မောင်စိုးကပြောပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့နေရာမဟုတ်ဘဲ လမ်းတွေပေါ်ရပ်နားရင်လည်း ကြီးကြပ်အရေးယူ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဒါပေမယ့်လည်း မူဝါဒက ရေရှည်အဆင်မပြေတဲ့အတွက် အဖြေရှာဖို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်မယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။

စက်တင်ဘာ၂၉ကပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးမှာ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။

လက်ရှိ ကျင့်သုံးနေတဲ့ ညအိပ်ခွန်နဲ့ပတ်သက်တဲ့ မူဝါဒက ပြန်လည်သုံးသပ်သင့်တဲ့ မူဝါဒဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကလည်း ပြောဆိုခဲ့ပါတယ်။

ကားညအိပ်ရပ်နားခွင့်နဲ့ ပတ်သက်တဲ့မူဝါဒက ၂၀၁၅ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက် မူဝါဒဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Category

🗞
News
Comments

Recommended