UMG College Myanmar ရဲ့ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ဖြစ်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ဘွဲ့နှင်းသဘင်မှာတော့ Higher National Diploma အောင်မြင်ပြီးမြောက်တဲ့ ကျောင်းသားကျောင်းသူ ၆၄ ဦးကို သက်ဆိုင်ရာဘာသာရပ်အလိုက် Diploma ဘွဲ့တွေပေး အပ်ခဲ့ တာပါ။
သင်တန်းသားတွေ အနေနဲ့ မြို့ပြအင်ဂျင်နီယာအထူးပြု ၊စက်မှုအင်ဂျင်နီယာအထူးပြုနဲ့ လျှပ်စစ် အင်ဂျင်နီယာအထူးပြု ဘာသာရပ်တွေကို သင်ကြားခဲ့ကြတာဖြစ်ပါတယ်။
UMG College Myanmar အနေနဲ့ Higher National Diploma သင်တန်းတွေကို အင်ဂျင်နီ ယာဘာသာရပ်တွေအတွက် နှစ်နှစ်သင်တန်းပြီးမြောက်အောင်မြင်သူတွေကို နိုင်ငံတ ကာကျောင်း တွေမှာ တိုက်ရိုက်ဝင်ရောက်ခွင့်ရအောင် သင်ကြားပေးလျက်ရှိနေတာပါ။ ဒါ့အပြင် UK အခြေစိုက်တက္ကသိုလ်ကြီးတွေက ဒီဂရီဘွဲ့ပေးအပ်တဲ့ အင်ဂျင်နီယာ ဘာသာ ရပ်သင်တန်းကို ဖွင့်လှစ်နိုင်ဖို့လည်း စီစဉ်လျက်ရှိနေတာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - သန်းဌေးအောင်
Comments