Skip to playerSkip to main content
  • 8 years ago
ဆယ်စုနှစ်တစ်ခုလောက်ထိ ပျောက်ကွယ်ခဲ့ပြီးမှ အနုပညာကိုချစ်တဲ့စိတ်နဲ့ ဇာတ်ကားတွေ လက်ခံရိုက်ကူးနေပြီဆိုသူကတော့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ပါ။ မေလေး လို့ သိကြတဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေး လှုပ်ရှားဖြစ်ခဲ့ပြီး လက်ရှိမှာတော့ CKKP ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ အနုပညာအလုပ်တွေပါ တွဲဖက် လုပ်လာတာဖြစ်ပါတယ်။

အားပေးကြတဲ့ ပရိသတ်တွေ အတွက်လည်း ဇာတ်ကားတွေ ပုံမှန်လက်ခံရိုက်ကူးသွားမှာဖြစ်ပြီး ကိုယ်ပိုင်ထုတ်လုပ်ရေး အနေနဲ့လည်း ပရိသတ်တွေ စိတ်ဝင်စားစေမယ့် ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးမယ်လို့ ဇင်ဇင်ဇော်မြင့်ကပြောပါတယ်။

ဇင်ဇင်ဇော်မြင့်က ဒါရိုက်တာရွှေရေးထင်ထင်ရိုက်ကူးနေတဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဇေရဲထက်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီခင်ဇာခြည်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37