Skip to playerSkip to main content
  • 8 years ago
စာရေးဆရာကြီးမောင်သာရရဲ့ ဝတ္ထုကို ရိုက်ကူးထားတဲ့ “ထမိန်ကျွတ်၍ လွှတ်လိုက်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို လက်ရှိမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။

အိချောပိုအနေနဲ့ အဓိကဇာတ်ကောင် “မသဲအူ”ရဲ့နေရာမှာသရုပ်ဆောင်ထားတာဖြစ်ပြီး အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ အိချောပိုက ပြောလာပါတယ်။

ပရိသတ်တွေကြည့်ရှုနေကျနဲ့မတူတဲ့ အချစ်အလွမ်း ဒရာမာဇာတ်ကားတစ်ကားဖြစ်ကာ မကြည့်ရှုရသေးတဲ့ပရိသတ်တွေအနေနဲ့လည်း အားပေးကြဖို့အတွက် အိချောပိုက ပြောပါတယ်။

“ထမိန်ကျွတ်၍ လွှတ်လိုက်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရို်က်တာညီညီထွန်းလွင်က ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီကျော်ရဲအောင်၊ ဇေရဲထက်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အိချောပိုနဲ့ တခြားအနုပညာရှင်များစွာပါဝင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37