Skip to playerSkip to main content
  • 8 years ago
ယူကရိန်းနိုင်ငံမှာ လက်နက်တိုက်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး အနီးအနားမှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက နိုင်ငံအလယ်ပိုင်း၊ ဗင်နစ္စယားဒေသမှာရှိတဲ့ စစ်စခန်း တစ်ခုက လက်နက် ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဗီဒီယို မှတ်တမ်းတွေအရ အစောပိုင်းမှာ လက်နက်ခဲယမ်းတွေက မီးရှူးမီးပန်း တွေလို လေထဲ ပျံဝဲလာပြီး အဲဒီနောက်မှာတော့ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တာကို တွေ့ရပါတယ်။

အခုဖြစ်ရပ်ကြောင့် လူတစ်ဦး ဒဏ်ရာရခဲ့ပြီး အနီးအနားမှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း ဒေသခံ ကယ်ဆယ်ရေး ဌာနက ကြေညာပါတယ်။ စစ်တပ်က ပေါက်ကွဲမှု အကြောင်းရင်းကို စုံစမ်းနေဆဲလို့ ထုတ်ပြန်ပါတယ်။

ယူကရိန်း ဝန်ကြီးချုပ် ဗိုလိုဒီမာ ဂရိုင်စ်မန်ဟာ အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ပေါက်ကွဲမှုမှာ ပြင်ပ ပယောဂ အဖျက်အမှောင့် လုပ်ရပ် ပါမပါ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်း အစိုးရဟာ နိုင်ငံ အရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ သူပုန်တပ်ဖွဲ့တွေနဲ့ စစ်ခင်းနေရဆဲ ဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended