Skip to playerSkip to main contentSkip to footer
  • 8 years ago
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်ကို နိုင်ငံတော် သမ္မတ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ တင်ပြသွာားမယ်လို့ သိရပါတယ်။

ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေကြားက ဘူးသီးတောင်မြို့နယ်ရဲ့ အခြေအနေတွေကို အစီရင်ခံစာ ရေးသားထားတာလို့ သိရပါတယ်။ ဒေသတွင်းမြေပြင် အခြေအနေတွေကို ပြည်သူတွေ သိရှိစေရန်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အဲဒီအစီရင်ခံစာကို အင်္ဂလိပ်ဘာသာနဲ့ပါ ရေးသားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended

15:37