Skip to playerSkip to main content
  • 8 years ago
စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေ အတွက် ၊ လုပ်ငန်းအတွက် လိုအပ်တဲ့ အခြေခံထုတ်ကုန်ပစ္စည်းတွေကို လေ့လာနိုင်မယ့်အပြင် ၊ အခြားဖွံဖြိုးပြီးနိုင်ငံတွေရဲ့ အဆိုပါလုပ်ငန်းခွင် အတွေ့အကြုံတွေကို ပါဖလှယ်နိုင်မဲ့ ကုန်စည်ပြပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်နေပါတယ်။

ပြပွဲမှာ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ရေလုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ ကိရိယာတွေ၊ စက်ပစ္စည်းတွေ၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ တိရိစ္ဆာန်အစာနဲ့ဆေးဝါးတွေ ကို နိုင်ငံပေါင်း ၁၃ နိုငံကနေ လာရောက်ပြသတာပါ။ ပါဝင်ပြသတဲ့နိုင်ငံတွေက UK ,UAE နိုင်ငံတွေအပါအဝင်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အောင်အောင်မြင်မြင် ဆောင်ရွက်နေနိုင်တဲ့ အာဆီယံနိုင်ငံတွေ ရဲ့ ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပါတယ်။


ကုန်စည်ပြပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ Rose Garden Hotel မှာ ပြုလုပ်မှာပါ။ ဒီပြပွဲမှာ လက်တွေ့လုပ်ငန်း လုပ်ကိုင်နေသူတွေက ကိုယ့်လုပ်ငန်းမှာ ကြုံတွေ့ရတဲ့ပြသနာကို ပညာရှင်တွေနဲ့ တွေ့ဆုံပြီ တစ်ပါတည်း အကြံဥာဏ်တောင်းခံ ဆောင်ရွက်နိုင်မယ့်ပွဲလို့လည်း သိရပါတယ်။ ဒီပြပွဲမှာ မြန်မာနိုင်ငံက မြေသြဇာ၊မွေးမြူရေးအစာတောင့် ၊သစ်သီးဝလံ၊ ဆီထွက်သီးထွက်သီးနှံတွေ အပါအဝင် ပြခန်း ၁၁ ခန်းပါဝင်ပြသခဲ့ပါတယ်။ .

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37