Skip to playerSkip to main content
  • 8 years ago
ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ဖြစ်စဉ်တွေနြ့ ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချပွဲကို မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ရဟန်းသံဃာ အပါး (၁၀၀)ခန့်နှင့် မျိုးချစ်အင်အားစုတွေက လူဦးရေထောင်ဂဏန်းခန့် တက်ရောက်ခဲ့တာပါ။

ဆန့်ကျင်ရှုတ်ချသူတွေကို ရခိုင်ပြည်ကို ကာကွယ်ပါ၊ No Rohingya၊ အမိမြန်မာပြည်ကို ကာကွယ်ပါ ၊ ပြည်တွင်းပြည်ပမီဒီယာများ မျှတမှုရှိကြပါ၊ ပြည်ပစွက်ဖက်မှုများ ဒို့လက်မခံ၊ နိုင်ငံတော်၏ အချုပ်အခြာကို ကာကွယ်ပါ စတဲ့စာတမ်းတွေကို ကိုင်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

"လက်ရှိအစိုးရကို နိုင်ငံတကာက ဖိအားတွေပေးနေတဲ့အတွက် အစိုးရကို နောက်ကနေ ၀န်းရံပြီး အကြမ်းဖက်မှုတွေကို ရှုတ်ချတာလို့ ဟု ဟောပြောရာမှာ ပါဝင်ခဲ့တဲ့ ဦးအေးပိုင်က ပွဲရဲ့ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ ဆန့်ကျင်ရှုတ်ချပွဲကို အရင်က စက်တင်ဘာ (၁၉)ရက်နေ့ မနက်မှာ ကျင်းပဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက စီစဉ်ခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောတဲ့ နေ့နဲ့ တိုက်ဆိုင်ခဲ့တာကြောင့် ခွင့်ပြုချက်မရရှိခဲ့တာလို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-ထက်သာဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37