Skip to playerSkip to main content
  • 9 years ago
ရွှေဝါရောင်အရေးအခင်း ဆယ်နှစ်ပြည့်အတွက် ရွှေတိဂုံဘုရားပေါ်ကို မေတ္တာပို့ ဆုတောင်းဖို့ ရောက်လာတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်အချို့ကို ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်ဝင်ပေါက် တံခါးမှာ နာရီဝက်ခန့် တားမြစ်ခံခဲ့ရပါတယ်။

အဲဒီလို တားမြစ်ခံထားရချိန်မှာပဲ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မေတ္တာပို့ ဆုတောင်းတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နာရီဝက်အကြာမှာတော့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရောက်ရှိလာပြီး ညှိနှိုင်းပေးခဲ့တာကြောင့် ဆရာတော်တွေဟာ ဘုရားပေါ်တက်ပြီးဆုတောင်းပွဲ ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။

ရွှေဝါရောင်နှစ်ပတ်လည်ဆုတောင်းပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာခဲ့ပေမယ့် ပြည်သူတင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ အခုလို ပိတ်ပင်ခံထားရတဲ့အတွက် အံ့သြမိကြောင်း ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဦးဆောင်ပါဝင်သူ ဆရာတော်ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။

ဆရာတော်တွေက ရွှေဝါရောင်အခမ်းအနား ဆယ်နှစ်ပြည့်အထိမ်းအမှတ်အတွက် အောင်မြေမှာ မေတ္တာပို့ ဆုတောင်းပြီး အရေးအခင်းမှာကျဆုံးခဲ့တဲ့သူတွေကို အမျှဝေခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက် -ယဉ်မွန်

Category

🗞
News
Comments

Recommended