ဆေးဝါးစက်ရုံ(အင်းစိန်)က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆေးဝါးအသစ် (၁၁)မျိုး ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။
အသစ်ထုတ်မယ့် ဆေးဝါးအသစ်တွေကတော့ မော်ဖင်းလို
ဆေးမျိုးတွေ၊အဆီကျဆေး၊ပဋိဇီဝဆေးတွေ၊အစာအိမ်ကုသဆေး၊လက်သန့်ဆေးရည် စတဲ့ ဆေးဝါးအသစ်တွေဖြစ်ပါတယ်
။ဆေးဝါးအသစ်တွေထဲက ဆေးဝါးအမျိုးအစား(၄)မျိုးကတော့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန
(FDA) ကို ဆေးဝါးမှတ်ပုံတင်လိုင်စင်လျှောက်ထားပြီးဖြစ်ပြီး ကျန်တဲ့ ဆေးဝါးအမျိုးအစားတွေကတော့ တာရှည်အထားခံနိုင်မှု ရှိ၊ မရှိ စမ်းသပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Comments