Skip to playerSkip to main content
  • 8 years ago
ရွှေတိဂုံစေတီတော်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်မှုဟာ အခုနှစ်မှာဆိုရင် သြဂုတ်လ အထိ လေးသိန်းဝန်းကျင်ရှိပြီဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့မှ သတင်းရရှိပါတယ်။

ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာပြီး ဒီနှစ်မှာ နိုင်ငံခြားသား ဧည့်သည် ခုနှစ်သိန်းကျော် ၀င်ရောက်နိုင်ခြေရှိတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဒီဇင်ဘာလ(၁)ရက်ကစပြီး နိုင်ငံခြားသား ဧည့်ဝင်ကြေးတွေကို မြန်မာကျပ်ငွေ ရှစ်ထောင်ကျပ်ကောက်ခံရာကနေ တစ်သောင်းကျပ် အထိ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ အနေနဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်ဝင်ကြေး တိုးမြှင့်ကောက်ခံဖို့ ဒီနှစ်အစောပိုင်းထဲက စီစဉ်ခဲ့ပေမယ့်လည်း ခရီးသွားလုပ်ငန်းရှင်တွေက အနည်းဆုံးခြောက်လခန့် ကြိုတင် ကြေညာသင့်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြခဲ့တာကြောင့် အချိန်ရွှေ့ဆိုင်းလိုက်ရကာ လာမယ့် ဒီဇင်ဘာမှာ စတင်တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်ကြီးမှာ နိုင်ငံခြားသားတွေကို ၀င်ပေါက်(၇)ပေါက်ကနေ သွားလာခွင့်ပြုထားရာကနေ ၂၀၁၈ခုနှစ်မှာတော့ တောင်ဘက် ဓာတ်လှေကားနဲ့ အနောက်ဘက် စက်လှေကား ၀င်ပေါက်(၂)ပေါက်မှသာ သွားလာခွင့်ပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရွှေတိဂုံစေတီတော်ကြီးမှာ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုဟာ ၂၀၁၅ခုနှစ်မှာ ငါးသိန်းတစ်သောင်းရှိပြီး ၂၀၁၆ခုနှစ်မှာတော့ နိုင်ငံခြားသား ဧည့်သည် ခြောက်သိန်းတစ်သောင်းကျော်ထိ ၀င်ရောက်လေ့လာမှုရှိခဲ့တယ်လို့ နိုင်ငံခြားသားဧည့်သည် တက်ရောက်မှုစာရင်းတွေ အရ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37