Skip to playerSkip to main content
  • 8 years ago
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းအထိကို ပါမစ် ထုတ်ပေးနေတယ်လို့ အဲဒီ့ကော်မတီ အဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။

စက်တင်ဘာ ၁၉ရက် မနေ့က ပြုလုပ်တဲ့ Yangon Payment Serviceနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာ ရင်းနှီးမြှုပ်နှံမှုကော်မတီတွေဖွဲ့စည်းပြီး အဲဒီ့ကော်မတီတွေကို လုပ်ပိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေနဲ့ စက်တင်ဘာ ဒုတိယပတ်မှာ စတင်အသက်ဝင်ပြီး ကုမ္ပဏီနှစ်ခုကို ရင်းနှီးမြှုပ်နှံမှု ပါမစ်ထုတ်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီ့ကော်မတီ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ပါမစ်တွေကို ၁၀ရက်အတွင်း ထုတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဇူလိုင်လ၇ရက်မှာ ဖွဲ့စည်း တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37