Skip to playerSkip to main content
  • 8 years ago
ကာရေဘီယန် ဒေသမှ ရက်ပိုင်းအတွင်း ဒုတိယမြောက် ဖျက်ဆီးအား ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်းတစ်ခု စတင် ဝင်ရောက် တိုက်ခတ်နေပြီ ဖြစ်ပါတယ်။

ဟာရီကိန်းမုန်တိုင်း မာရီယာဟာ စက်တင်ဘာ ၁၈ ရက် ညပိုင်းကစပြီး မာတီနစ်ကျွန်းနဲ့ ဒိုမီနီကာ နိုင်ငံတွေကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ပါတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ အားအပြင်းဆုံး အချိန်မှာ တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းထိ ရှိခဲ့ပြီး Category Five အဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိလာပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြင်သစ်ပိုင် မာတီနစ်ကျွန်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ မာရီယာဟာ အခုလ အစောပိုင်းက တိုက်ခတ်သွားတဲ့ အာရ်မာ မုန်တိုင်းကြီးရဲ့ လမ်းကြောင်းအတိုင်း ကာရေဘီယန် ပင်လယ်ဘက်ကို ရွေ့လျားနေပါတယ်။ အာရ်မာကြောင့် ကာရေဘီယန် ဒေသတွင်း နိုင်ငံတွေမှာ အနည်းဆုံး လူ ၃၈ ဦး သေဆုံးပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37