Skip to playerSkip to main contentSkip to footer
  • 8 years ago
ဒီကနေ့ စက်တင်ဘာလ ၁၉ ရက် မနက်ပိုင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည် နေပြည်တော်ကနေ ပြောကြားတဲ့ မိန့်ခွန်းကို မြို့ကြီးအချို့မှာ LED ဘုတ်တွေနဲ့ တိုက်ရိုက်ပြသပေးတာတွေရှိခဲ့ ပါတယ်။ရှမ်းပြည်နယ်မှာတော့ တောင်ကြီးမြို့ ၊ မြို့မဈေးကြီးမှာရှိတဲ့ LED ဘုတ်က နေ ပြသပေးခဲ့တာပါ။

အဲဒီလို တိုက်ရိုက်ပြသပေးတာကိုတော့ တောင်ကြီးဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေ ၊ ဒေသခံ တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ လာရောက်နားထောင်ကြပါတယ်။မုံရွာမြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို အများပြည်သူ နားထောင်နိုင်ဖို့ တိုက်ရိုက်ပြသ ပေးခဲ့ပါတယ်။

အဲဒီတိုက်ရိုက်ပြသပေးမှုကိုတော့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဝန်ကြီး ၊ လွှတ်တော် ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တာပါ။ဒီကနေ့ ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ဘင်္ဂါလီ ပြဿနာတွေ၊ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင် ထည့်သွင်း ရှင်းလင်းသွားတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မျိုးမင်း ၊ ဂျွန်ချစ်ငြိမ်း

Category

🗞
News

Recommended

15:37