Skip to playerSkip to main content
  • 9 years ago
ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီလို မိန့်ခွန်းပြောကြားချိန်မှာတော့ မြန်မာနိုင်ငံအနှံ့က မြို့ ကြီးအချို့မှာ ပရိုဂျက်တာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို တိုက်ရိုက် ပြသခဲ့ကြပြီး၊ ၀န်ကြီးချုပ်တွေ၊ နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက အတူတကွ ကြည့်ရှု နားထောင်ခဲ့ကြပါတယ်။

We Stand With Aung San Su Kyi ဆိုတဲ့ စာတန်းတွေ၊ ဆိုင်းဘုတ်တွေနဲ့ စတေကာတွေ ကပ်ပီး ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ပြည်သူတွေက တစ်သားတည်းရှိကြောင်း ပြောကြားခဲ့ကြပါတယ်။

ဒီကနေ့ ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ဘင်္ဂါလီ ပြဿနာတွေ၊ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင် ထည့်သွင်း ရှင်းလင်းသွားတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်၊ ယဉ်မွန်

Category

🗞
News
Comments

Recommended