Skip to playerSkip to main contentSkip to footer
  • 8 years ago
ရန်ကုန်လေဆိပ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ နိုင်ငံခြားငွေ ဖမ်းဆီးပေးသူတွေကို ဖမ်းမိတဲ့ ငွေထဲက သုံးဆယ်ရာခိုင်နှုန်း ဆုကြေးပေးသွားမယ်လို့ သိရပါတယ်။အခုလ ၁၀ ရက်နေ့ မနက် ကိုးနာရီ ကျော်လောက်မှာ ရန်ကုန်လေဆိပ်ကနေ စကာင်္ပူနိုင်ငံ ချန်ဂီလေဆိပ်ကို ထွက်ခွာမယ့် မြန်မာနိုင်ငံသား ခရီးသည် တစ်ဦးဆီက ကာလပေါက်ဈေး မြန်မာငွေ တန်ဖိုး စုစုပေါင်း ကျပ်သိန်းငါးထောင်ကျော်ဖိုးရှိတဲ့ အိန္ဒိယ နိုင်ငံသုံး ရူးပီးငွေနဲ့ အမေရိကန် နိုင်ငံသုံး ဒေါ်လာတွေကို ဖမ်းမိခဲ့တာပါ။

အဲဒီလို ဖမ်းဆီးပေးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလ ၁၄ ရက် ဂုဏ်ပြု မှတ်တမ်း လွှာ ပေး အပ် ခဲ့ ပါသေးတယ်။ဖမ်းဆီးမိတဲ့ ငွေထဲက သုံးဆယ်ရာခိုင်နှုန်း ကို ဆုကြေးအဖြစ် ပေးအပ်သွားမယ့် အခြေအနေ နဲ့ပတ်သက် ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေး အဖွဲ့ ဥက္ကဌ ရဲမှူး ချုပ် မြဝင်းက အခုလို ပြောပါတယ်။

အခုနှစ် မေလ အတွင်းကလည်း အဲဒီလို နိုင်ငံခြားငွေ တရားမဝင်သယ်ဆောင်လာတဲ့ ဖြစ်စဉ်တစ်ခု ကိုဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာကျပ်ငွေစုစုပေါင်း ကျပ် သိန်းရှစ်ထောင် တန်ဖိုးရှိ တဲ့ နိုင်ငံ ခြားငွေ တွေဖမ်းမိခဲ့တယ်လို့ ရဲမှူး ချုပ် မြဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

မနေ့က ညပိုင်း ကလည်း ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံဒွန်းမောင်း လေဆိပ်ကို ထွက်ခွာမယ့် မြန်မာနိုင်ငံသားတစ်ဦးဆီက ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့ ရူပီးငွေတွေနဲ့ ထိုင်းနိုင်ငံသုံး ဘတ်ငွေတွေ ကိုဖမ်းဆီးရရှိတဲ့ဖြစ်စဉ် ထပ်ပြီး ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက် အရ သိရပါတယ်။

ပြည်ပကို အမေရိကန်ဒေါ်လာ တစ်သောင်း ဒါမှမဟုတ် ကန်ဒေါ်လာတစ်သောင်းနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေ ပမာဏကိုတရားဝင်သယ်ဆောင်ခွင့်ရှိပြီး အဲဒီပမာဏထက် ပိုသယ်လိုရင် သက်ဆိုင်ရာအ ခွန်ဌာနမှာ အကြောင်းကြားစာဖြည့်ရမှာ ဖြစ်ပြီး သယ်လိုတဲ့အကြောင်းကို စစ်ဆေးမှာဖြစ်ကာ တရားဝင်ခွင့်ပြု ပေးမှသာ သယ်ဆောင်ခွင့်ရှိတယ်လို့ လေဆိပ်က တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended

15:37