Skip to playerSkip to main contentSkip to footer
  • 8 years ago
မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးစီမံကိန်းအရ ရေအားလျှပ်စစ် စီမံကိန်းရှစ်ခုကို လက်ရှိ အစိုးရ သက်တမ်း ငါးနှစ်အတွင်း ဆောင်ရွက်ဖို့ရှိနေတယ်လို့ သိရပါတယ်။စက်တင်ဘာလ ၁၄ ရက်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန က လစဉ်ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲအပြီးမှာ ညွှန်ကြားရေးမှူး ဦးစောစည်သူလှိုင်က ပြောတာပါ။

ဒီစီမံကိန်းရှစ်ခုက လျှပ်စစ်မဂ္ဂ၀ပ်ဘယ်လောက်ထုတ်နိုင်မယ်ဆိုတာကိုတော့ ဆောင်ရွက်ဆဲဖြစ်တာကြောင့် မပြောဆိုနိုင်သေးဘူးလို့ ဆိုပါတယ်။အချို့ရေ၀ပ်ဧရိယာများတဲ့စီမံကိန်းတွေကို ဒေသခံတွေနဲ့ ညှိုနှိုင်းပြီး အတိုးအလျော့ပြန်လုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုက ကျောက်မီးသွေးနဲ့ လျှစ်စစ်ထုတ်လုပ်ဖို့ ကန့်ကွက်နေတာကြောင့် သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အစိုးရတွေက ရေအားလျှပ်စစ်အစားထိုး ထုတ်လုပ်နိုင်ဖို့ ညှိုနှိုင်းမူတွေ လုပ်ဆောင်နေတယ် ဆိုပါတယ်။လာမယ့် ၂၀၃၀ မှာ မြန်မာတစ်နိုင်ငံလုံးမီးလင်းရေးအတွက် ငါးနှစ်တစ်ကြိမ် လျှပ်စစ်ရရှိမယ့် စီမံကိန်းမျိုးစုံကို ရေးဆွဲထားပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News

Recommended

15:37