Skip to playerSkip to main contentSkip to footer
  • 10/7/2017
မြန်မာပြည်တွင်းမှာရှိတဲ့ စင်ကာပူပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေပူးပေါင်းပြီး ပြသတဲ့ ပညာရေးပြပွဲကို ဒီကနေ့ စက်တင်ဘာ(၁၅)ရက်ကစပြီး ရန်ကုန်က ဂန္ဓမာဟိုးဆေးမှာ ကျင်းပနေတာဖြစ်ပါတယ်။ဒီပညာရေးပြပွဲကို စက်တင်ဘာ(၁၅)ရက်ကနေ စက်တင်ဘာ(၁၇)ရက်အထိ ပြသသွားမှာဖြစ်ပါတယ်။

ဒီပြပွဲမှာ မူကြိုကနေ အထက်တန်းအထိ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာအဆင့်မီပုဂ္ဂလိကကျောင်းတွေပါဝင်တဲ့အပြင်နိုင်ငံခြားပညာတော်သင်သွားနိုင်အောင်ဝန်ဆောင်မှုပေးတဲ့ ပညာရေးကုမ္ပဏီတွေလည်းပါဝင်တာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မီပညာရေးလုပ်ငန်းတွေတိုးတက်လာဖို့နဲ့ပုဂ္ဂလိကကျောင်းတွေအများအပြားဖွင့်လာနိုင်ဖို့ရည်ရွယ်ပြီး အခုလိုပညာရေးပြပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးကပြောပါတယ်။

ဒီပညာရေးပြပွဲကို အခမဲ့ ၀င်ရောက်လေ့လာနိုင်ပြီး ကလေးငယ်တွေအတွက် ပန်းချီပြိုင်ပွဲတွေ၊ဂိမ်းကစားတဲ့ အစီအစဉ်တွေနဲ့ ပညာရေးအခွင့်အလမ်းဆိုင်ရာဆွေးနွေးပွဲတွေလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News

Recommended

15:37