Skip to playerSkip to main content
  • 8 years ago
ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းများတဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တူရကီနိုင်ငံတွေက လှူဒါန်းထားတဲ့ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး အလုံးရေ နှစ်သိန်းကျော်လက်ခံရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီဆေးအလုံးရေထဲက ဆေးအလုံးရေ တစ်သိန်းကို အသုံးပြုပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင် မိခင်တွေကို ဒီလထဲမှာ အခမဲ့ ထိုးနှံပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ကာကွယ် ဆေးတွေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံပေးဖို့ရှိတယ်လို့ သိရပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ ဦးစားပေးထိုးနှံဖို့ စီစဉ်ထားပေမယ့် တစ်နိုင်ငံလုံး မျှတမှုရှိစေဖို့အတွက် နေရာအားလုံးမှာ ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

ဇူလိုင်လ(၂၁)ရက်ကနေ စက်တာဘာလ(၈)ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရာသီတုပ်ကွေး (H1N1)ရောဂါပိုး တွေ့ရှိတဲ့ လူနာ (၃၉၂)ဦးရှိပြီး သေဆုံးသူ အရေအတွက်ကတော့ (၃၇)ဦးရှိပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနမှ သတင်းရရှိပါတယ်။ စက်တင်လာလ (၈)ရက်အထိ H1N1 ပိုးတွေ့လူနာအဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆေးရုံကြီးတွေမှာ အတွင်းလူနာ (၁၈) ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37