Skip to playerSkip to main content
  • 8 years ago
အခြေခံပညာ ဦးစီးဌာနက တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်းနဲ့ သတ္တမတန်းတွေရဲ့ ပထမနှစ်ဝက် စာမေးပွဲ မေးခွန်းပုံစံတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ပြေးညီတူညီအောင် သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ လာမယ့် စက်တင်ဘာ နောက်ဆုံးပတ်မှာ ကျင်းပမယ့် ပထမနှစ်ဝက် စာမေးပွဲမှာ ပြောင်းလဲသတ်မှတ်လိုက်တဲ့ မေးခွန်းပုံစံအတိုင်း သက်ဆိုင်ရာ အတန်းက ကျောင်းသားကျောင်းသူတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။

စတုတ္ထတန်း၊ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတွေရဲ့ ပထမနှစ်ဝက် မေးခွန်းပုံစံတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြုစုပေးထားပေမယ့်လည်း ကျန်တဲ့အတန်းတွေရဲ့ ပထမနှစ်ဝက် စာမေးပွဲမေးခွန်းပုံစံတွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြေးညီ သတ်မှတ်ထားတာ မရှိလို့ ဒီနှစ်ပညာသင်နှစ်ကစပြီး ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

သတ်မှတ်ထားသည့် မေးခွန်းပုံစံ အတိုင်း သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ကြီးတွေက မေးခွန်းထုတ်ရမှာဖြစ်ပြီး မေးခွန်း က သင်ရိုးသင်ခန်းစာတွေက ကျောင်းအလိုက် တူညီမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီနှစ်ပညာသင်နှစ်မှ စပြီး အခြေခံပညာအတန်းတွေကို စာမေးပွဲလေးကြိမ်သာ စစ်ဆေးတော့မှာဖြစ်ပြီး ဇူလိုင်နဲ့ ဒီဇင်ဘာမှာ အခန်းဆုံး စစ်ဆေးတာ(၂)ကြိမ်၊ အောက်တိုဘာနဲ့ ဖေဖော်ဝါရီမှာ ပထမနှစ်ဝက်စစ်ဆေးတာနဲ့နှစ်ဆုံးစစ်ဆေးခြင်းတို့ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37